ဓမ္မရာဇကဘုရား
ဓမ္မရာဇကဘုရား

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ဘုရားဖူးဖြစ်စေ၊လေ့လာရေးဖြစ်စေ သွားကြသူတိုင်း မရောက်ဖြစ်သောဘုရားစေတီကြီးတစ်ဆူရှိသည်။ထိုစေတီတော်မှာ ဓမ္မရာဇကစေတီကြီးဖြစ်သည်။
ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့်ဘုရားငါးဆူကို ရည်ရွယ်၍ မုဒ်ဝငါးခုထားတည်ဆောက်ခဲ့သည့် တစ်မူထူးခြားသော စေတီကြီးဖြစ်ပြီးစက်တင်ဘာ ၁၈ရက်နေ့၁၁၉၈ခုတွင်တည်ဆောက်ပြီးစီးခဲ့ပြီး ငါးမျက်နှာဘုရား(၁၇)ဆူအနက်အကြီးဆုံးဘုရားဖြစ်သည်ဟု လေ့လာသိရှိခဲ့သည်။
အမြင့်ပေ ၁၈၀ ရှိပြီးဉာဏ် တော်မြင့်မားသည်ဖြစ်၍ ရွှေစည်းခုံစေတီ၊ မင်္ဂလာစေတီကဲ့သို့ပင် အဝေးမှ လှမ်းဖူး၍ရလောက်အောင် ပေါ်လွင် ထင်ရှားစွာ မားမားမတ်မတ် ရပ်တည်နေသည်။
ဓမ္မရာဇိကဘုရားကို ဓမ္မရာဇကဟုလည်း ခေါ်သည်။ ကျောက်စာ၌ ဓမ္မရာဇကဟု ရေးထိုးထားသည်။
ဓမ္မရာဇိက ဘုရားဒါယကာမှာ နရပတိစည်သူမင်းကြီးဖြစ်သည်။ စေတီတော်ကို ၂ နှစ်ကြာမျှ တည်ရသည်။ သိန်းဃိုမင်းထံမှ ပေးပို့လိုက်သော သရီရဓာတ်တော်အဆူ ၃၀ ကို ရွှေကြုတ်တွင်ထည့်ပြီးလျှင် ဌာပနာထားသည်။ ပစ္စယာသုံးဆင့်ရှိသည်။ ပစ္စယာအဆင့်ဆင့်သို့ လှေကားမှ တက်၍ရသည်။ ပထမပစ္စယာက စပြီး လက်ယာရစ်လှည့်ပြီးလျှင် ပစ္စယာအဆင့်ဆင့်၌ ဇာတ်တော်များကို စဥ့်ကွင်းစဥ့်ချပ်တို့တွင် ထွင်းထုပြီး စီခြယ်ထားသည်။စေတီတည်ဆောက်ပုံမှာ ရွှေစည်းခုံနှင့် အခြေခံအားဖြင့် တူညီမှုရှိသော်လည်း တန်ဆာဆင်ပုံ မွမ်းမံပုံနှင့် အာရုံခံ မုခ် ငါးမျက်နှာထုတ်ထားပုံတို့မှာ တစ်မူထူးခြားနေသည်။ ငါးမျက်နှာတွင် တစ်မျက်နှာ တစ်မျက်နှာ၌ အုတ်ဂူတစ် လုံးစီ တည်လျက် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူကြသော ဘုရားငါးဆူကို ရည်စူးပြီး ကြေးဆင်းတုငါးဆူ သွန်းလုပ်ထားသည်။
စေတီတ်ာကြီးနှင့် တွဲဆက်ထားသော ဂူဘုရားငါးဆူ အတွင်းနံရံများ၌ ပုဂံခေတ်ပန်းချီနှင့် ပုဂံခေတ် ကမ္ပည်းမင် စာများရှိသည်။ ဂူများအတွင်း၌ မှတ်တမ်းတင်ထားသော မှတ်တမ်းများနှင့် အရှေ့ဘက်အာရုံခံမုခ်အတွင်းရှိ ကျောက်စာသည်ဓမ္မရာဇိက စေတီတော်ကြီးအကြောင်းကို ဖော်ပြနေသည်။
ယင်းမှတ်တမ်းများနှင့် ကျောက်စာအရ သိရသည်မှာ –
၁။ သက္ကရာဇ် ၅၅၈ ခု၊ သီတင်းကျွတ်လဆန်း ၁၃ ရက်၊ တနင်္ဂနွေနေ့တွင် စည်သူမင်းကြီးသည် သစ်မတီ၌ ပုထိုး တော်ပြုအံ့ဟု မြေနေရာရှာ၍ တွေ့ရှိပြီး ထိုအနီးနေ မထေရ်ကြီးကို တောင်းပန်အခွင့်ရ၍ လက်ခငွေ ၄၄၀၂၇ ကျပ် ပဲ ၁၈ လုံးကို ရေစင်တော်သွန်းသည်။
၂။ သက္ကရာဇ် ၅၅၉ ခု၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ သောကြာနေ့တွင် မူလနက္ခတ် မိန်လဂ်နေ့ သုံးပဟိုရ်တွင် ကျောက်ဖျာထက် အုတ်ဖွဲ့ဦး၍ ပြု၏။(သီဟိုဠ်ကျွန်းသို့ ဓာတ်တော်တောင်း စေလွှတ်ရာ သီဟိုဠ်မင်းလက်ထက် တွင် သရီရဓာတ်တော် ၃၀ တွင် ရချေသော ဓာတ်တော်လေးလုံးနှင့်တကွ ကျောက်ဖျာထက် ဌာပနာသည်။)
၃။ သက္ကရာဇ် ၅၆၀ ပြည့်နှစ် သီတင်းကျွတ်လဆုတ် ၂ ရက်၊ သောကြာနေ့တွင် အထွတ်တင်သည်။
ဓမ္မရာဇိက စေတီကျောက်စာ၌ အထွတ်တင်သည်ဟူ၍ဆိုထားသည်ကို ထောက်လျက် ပုဂံခေတ် စေတီပုထိုးများတွင် ယခုခေတ် ထီးမျိုးမရှိဘဲ အထွတ်သာရှိမည်ဟု ခန့်မှန်းကြည့်နိုင်သည်။
ခရစ်နှစ် ၁၈၉၀၊ လွန်ခဲ့သည့် နှစ် ၁၂၀ ကျော်လောက်က ဓမ္မရာဇိက စေတီမှ စဥ့်ကွင်းရုပ်ကြွတချို့ကို မသမာသူများ ခွာယူသွားကြသည်။ ပုဂံခေတ် အနုပညာလက်ရာများသည် ယင်းကဲ့သို့ မသမာသူများ၏ လက်ချက်ကြောင့် ပျက်စီးဆုံးပါးသွားခဲ့ဖူးပေါင်း များလှပေပြီ။
သမိုင်း
သီဟိုဠ်ဘုရင်ထံမှ မြတ်စွာဘုရား၏ သရီရ ဓာတ်တော် အဆူ ၃၀ ကို ရွှေကြုတ်နှင့်တကွ ရလျှင် ဓမ္မရာဇိက တည်မည့်နေရာ ကျောက်ဖျာထက်၌ ထား၍ ဌာပနာသည်။ ကျပ် လေးသောင်းလေးရာ နှစ်ဆယ်ခုနှစ်ကျပ်တိတိကို ရေစက်သွန်းချ လှူဒါန်းဆောက်လုပ်သည်။စေတီတော်တည်သည်မှာ တစ်နှစ်မျှသာ ကြာသည်။ အရှေ့ဘက် ဂူအတွင်း၌ ကျောက်စာမှတ်တမ်းထားရှိခဲ့သည်။
ဗိသုကာ လက်ရာများ
ဓမ္မရာဇိကစေတီတော်ကြီးသည် ညောင်ဦး ရွှေစည်းခုံ စေတီတော်နှင့် တူသယောင်ရှိသည်။ သို့သော် ထူးခြားသည်မှာပန္နက်အောက်ခြေသည် စတုရန်းပုံအစား ငါးမြှောင့်ပုံ ဖြစ်သည်။ ယင်းအထက် ပစ္စယာသုံးဆင့် တည်ဆောက်ထားသည်။ ပစ္စယာ အဆင့်ဆင့်၌ ငါးရာ့ငါဆယ်ဇာတ် စဉ့်သုတ်ရုပ်ကြွအုတ်ချပ်များ ကပ်ထားသည်။ ထိုအထက်၌ ခေါင်းလောင်းပုံ တည်ဆောက်ပြီး ရစ်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ်စသည် တို့တက်သွားသည်။ အထွတ်ရှိ ထီး ပျက်စီးနေသည်။
စေတီတော်ကြီး၏ ငါးမျက်နှာ၌ အာရုံခံအုတ်ဂူ ငါးလုံးရှိသည်။ ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမနှင့် ပွင့်အံ့သော အရိမေတ္တယျဘုရား တို့ကို ရည်မှတ်ကာ ကြေးဆင်းတု ငါးဆူ သွန်းလုပ်ပြီး ဂူငါးလုံးတွင် ပူဇော်ထားသည်။ အုတ်ဂူငါးလုံးသည် တညီတည်း တစ်ပုံစံတည်းဖြစ်သည်။ ထိုဂူများ၏ ပန္နက်ပုံသည် အစဉ်အလာ စတုရန်းပုံဖြစ်ပြီး အာရုံခံအထက်၌ ပစ္စယာကွမ်းတောင် စသည်တို့ ပါရှိသည်။
ဂူဘုရားငါးခုတွင်လည်း ပုဂံဆေးရေး နံရံပန်းချီများရှိသည်။ မင်စာများလည်း ရှိသည်။ ဤဓမ္မရာဇိက စေတီပုံကို စူဠာမဏိလိုက်ဂူဘုရား အောက်ထပ် မြောက်ဘက်မျက်နှာရှိ ဆင်ရုပ်ခေါင်းနေရာတွင် "သက္ကရာဇ် ၆၇၉ ခုက စတ္တာလင်က ဗိုလ်ဆရာသည် ဓမ္မရာဇိက စေတီပုံ ရေးဆွဲပူဇော်သည်" ဟူသော မင်စာနှင့်အတူ တွေ့ရသည်။ ဤပုံအရ ပုဂံခေတ် စေတီပုံစနစ်ကို လေ့လာနိုင်သည်။
ကိုးကား
ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
ကိုးကား၊ ပါရဂူ – ပုဂံခရီးသည်

Comments
Post a Comment