မနူဟာဘုရား
မနူဟာဘုရား

သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကို မဖြစ်လို ဟူသော ဆုတောင်းနှင့်အတူ ဂန္ဓကုဋီတိုက် အတွင်း၌
မဆန့်မပြဲသောဆင်းတုတော် တစ်ဆူကို တည်ထားကာ
အကျဉ်းချခံထားရသော နန်းကျ ဘုရင်တစ်ဦး၏ဘဝသည်
မည်မျှမွန်းကြပ်ပင်ပန်းလှ ကြောင်းကို ထုတ်ဖော်ပြသည့် ဘုရားတစ်ဆူပုဂံတွင် ရှိသည်။ ထိုဘုရားဒကာသည် အခြားမဟုတ် ပုဂံနေပြည်တော် အတွက် ပိဋကတ် ( ၃ ) ပုံကို
တောင်းခံခြင်းကိစ္စမှ အခြေတင်ဖြစ်ကာ စစ်မက်ဖြစ်ပွားခဲ့ရပြီး စစ်ရှုံးသဖြင့် ဖမ်းစီးခေါ်ဆောင်ခြင်းခံရသောသထုံဘုရင် မနူဟာမင်း၏ ကောင်းမှုတော်ဘုရားတစ်ဆူဖြစ်လေသည်။

မနူဟာမင်းအကြောင်းအနည်းငယ်ပြောရမည်ဆိုလျှင် ဘွဲ့တော်မှာ သီရိတြိဘဝနာဒိတျာပဝရ ဓမ္မရာဇာ ဖြစ်ကာ သထုံပြည်တွင်မင်းပြုသော သီဟရာဇာမင်းမှ ၄၈ ဆက်မြောက် ဘုရင်တစ်ပါး ဖြစ်ကာ ဆင်ဖြူတော် ၃၂ စီးပိုင်ဆိုင်သည်။ပရိယတ္တိ သာသနာ တော်ရှိမှ သာသနာခရီးဆက်နိုင် မည်ဟူသော ရှင်အရဟံ၏ မိန့်ကြားမှုအရ အနော်ရထာမင်းသည် ပိဋကတ် တော်များကို တောင်းယူရန် သထုံပြည်သို့ အပြောအဆို ကောင်းမွန်ပြီး လိမ္မာသော အမတ်တစ်ဦးကို လက်ဆောင်ပဏ္ဏာများနှင့်အတူ စေလွတ်လိုက် သည်။
မနူဟာဘုရင်သည် ပုဂံ၏တောင်းဆိုချက်များကို မချေမငံ ငြင်းဆန် သဖြင့် အနော်ရထာသည် သက္ကရဇ် ( ၁၀၅၇ ) တွင် သထုံသို့ ကြည်းတပ်၊ ရေတပ်တို့ဖြင့် စေလွတ်သည်။ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး တို့အား ရှေ့မှချီတက်စေကာ မိမိက နောက်မှတပ်မနှင့် လိုက်လေသည်။ မနူဟာသည် မြို့တံခါးကို လုံခြုံအောင် အစီအရင် ဖြင့် ပိတ်ကာ သေချာခုခံ သဖြင့်အချိန်ကြာသည်အထိ လုပ်ကြံမရဘဲ ရှိလေသည်။
လုပ်ကြံမရသော အကြောင်းတရားများတစ်ခုတွင် ဗျဝိအားသတ်ကာ မြို့စောင့်အဖြစ် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။ဤနေရာတွင် ဗျဝိ ဗျတ္တညီနောင် အကြောင်းကို အနည်းငယ် ပြောလိုပါသည်။
မှန်နန်းရာဇဝင်အရ သထုံပြည်ဗားမဲ့ဆရာတော်သည် သဘောၤပျက်၍ ဗျတ်နှင့်အတူ ရေမြောလာသောကုလားညီနောင် နှစ်ဦးကို ခေါ်ယူမွေးစားကာသူတို့ကိုလည်း ဗျဝိ၊ ဗျတ္တဟုအမည်ပေးခဲ့သည်။ ကပိ္ပယကျောင်းသားများအဖြစ် ဆရာတော် ကျောင်းတွင် နေထိုင်ရင်း တစ်နေ့တွင်ဆရာတော်သည် တောအတွင်း မှ ဇော်ဂျီဖိုဝင်တစ်ဦးကို ကောက်ရလာသည်။ဆရာတော်က ထိုဇော်ဂျီသားကို ဘုရင်အားဆက်သရန် ညီနောင်နှစ်ဦအား မီးကင်စေကာ အပြင်ထွက်သွားခဲ့သည်။ ထိုအခါ ဇော်ဂျီဖိုဝင်သား သညအလွန် မွှေးကြိုင်လှ သဖြင့်ထိုညီနောင် ( ၂ ) ဦးမှာ မနေနိူင်တော့ဘဲ ယူငင် စားပစ်ကြသည်။
ထိုအချိန် ၎င်းတို့တွင် သာမာန်နှင့်မတူသောစွမ်းအား များရရှိလာကြသည်။ မြေလျှိုးမိုးပျံလွန်စွာခွန်အား ကြီးမားစွာ ရလေသည်။ဆရာတော်ပြန်ရောက်လာသည့်အချိန်တွင်ဇော်ဂျီသားစားလိုက်သည့် ညီနောင် ( ၂ ) ဦးအားလိုက်ရိုက်ရာ မမှီသည့်အပြင်ကျောင်းကိုပါ ဇောက်ထိုးမိုးမျှော်ပြုလုပ်ပစ်ကြသည်။ ဆရာတော်လည်း မနိုင်၊ရပ်မနိုင် ရွာမနိုင် ဖြစ်လာသော်ထိုညီနောင်တို့ကို ဖမ်းရန် အခြေနေသို့ ရောက်ရှိ၍သွားလေသည်။
ဗျဝိသည် သထုံမြို့ဝန်၏ သမီးမအိုစာနှင့် ချစ်ကြိုက် မိခဲ့သည်။ တစ်နေ့တွင်ဗျဝိသည် မအိုစာအခန်းအတွင်း ဝင်ရောက်သော်အစီမံဖြင့် ဖမ်းလေရာ မိလေသည်။ ဗျတ္တလည်း အခြေနေမဟန်တော့သည်ကို သိရသဖြင့်ပုဂံသို့ပြေးကာခိုလှုံလေတော့သည်။အနော်ရထာမင်းသည် ပုဂံအား အင်အားကြီးနိုင်ငံအဖြစ်
တည်ထောင်ရာတွင် လူစွမ်းကောင်းများလိုအပ်သဖြင့် ဗျတ္တကို လက်ခံခဲ့သည်။သို့ဖြင့် သထုံမြို့ဝန်သည် နိုင်ငံတော်ပုန်ကန်မှုဖြင့် ဗျဝိအား သေဒဏ်ပေးခဲ့ရာနဂို ကတည်းက အစွမ်းထက်သူဖြစ်သဖြင့် ကွပ်မျက်သော်လည်း မသေနိုင်ချေ ။
နောက်ဆုံး မအိုစာ၏ ရေတစ်မုတ်နှင့် ကွမ်းတစ်ယာကို စားခွင့်ရကာစိတ်လျှော့လိုက်သည့်အခိုက် သတ်လိုက် မှသေလေသည်။ သူသေပြီးလျှင် ၎င်း၏အရိုး၊အရေ ၊ သွေးတို့အား မြို့တံတိုင်းနေရာအနှံ့ ဖြန်းကာ မြို့စောင့်နတ်အဖြစ် ထားရှိခဲ့သဖြင့် ယခု ပုဂံတပ်တို့ တိုက်ခိုက်သော်လည်းမြို့အတွင်း ဝင်ရောက်နိုင်ခြင်း မရှိချေ။ နတ်ဖြစ်လေသော ဗျဝိသည် မြို့တွင်းသို့ဝင်ရောက်နိုင်ရန် အတွက် မိမိသွေးသားနှင့် လွတ်သော ကြက်မတစ်ဝပ်စာ နေရာရှိကြောင်း ဗျတ္တအား အိပ်မက်ပေးခဲ့သည်။ဗျတ္တသည် သွေးကြွေး ကလဲ့စားချေခွင့်ရလေသဖြင့် ထိုနေရာမှ ဝင်ရောက်ကာ သထုံမြို့ကိုကျဆုံးစေလေသည်။
အနော်ရထာသည် ပိဋကတ် ၃ ပုံအပါအဝင် သထုံတော်ဝင်မိသားစု နှင့်တကွ မှူးမတ်များ၊ သရီရ ဓါတ်တော်၊ ဆင်ဖြူတော်များ၊ ကျမ်းကန်တတ် ရဟန်းတော်များ၊ ပညာရှင်များကိုပုဂံသို့ခေါ်ဆောင်ကာ အစုအကွက်ချ နေထိုင်စေသည်။မနူဟာမင်းကိုလည်း မြင်းကပါ အရပ်တွင် အလုပ်အကျွေ နှင့်အတူ နေထိုင်စေသည်။ မနူဟာမင်း၏ ဘုန်းတန်ခိုး အာနုဘော်သည် စကားပြောသောအခါတွင် ခံတွင်းမှစက်ပြောင်ပြောင် ထွက်လျက်ရှိသည်။အနော်ရထာမင်းအား လာရောက်ဖူးမျှော်စဉ်အနော်ရထာမင်းသည် ထိုအရာကိုမြင်သော် ကြက်သီးမွေးညှင်းထကာ ထိတ်လန့်လေသည်။ ထိုဘုန်းတန်ခိုး အာနုဘော်ကို ညံ့စေရန် မနောလင်ပန်းနှင့် စားတော်ပြင်ကာ ဘုရားတင်ပြီး ထိုစားတော်ကို မပြတ်ကျွေးသဖြင့်ကြာလာသော် စက်ရောင်တို့ကွယ်လေသည်။ထိုစက်ရောင်ကွယ်ရာတွင်မှ "ငါကြံငြားသော်လည်း မဖြစ်နိုင်ရာ"ဟူ၍ နှလုံးချသောဟူ၏။
မနူဟာမင်းသည်ငါသည်သထုံပြည်ရှင်မင်းဖြစ်ပါ
လျှက် အခြားသူပိုင်စိုးရာ
နယ်မြေတွင်စစ်ရုှံးသူအကျဉ်းခံဘုရင်ဖြစ်ရလေ
ခြင်းဟုသံဝေဂရ၍မနောမယကျောက်မျက်ရွှဲကိုမြင်းကပါသေဋ္ဌး၌ရောင်း၍ရရှိသောအသပြာဥစ္စာတိုဖြင့်
ဘုရားတည်လေသည်။
မနူဟာသည် အနော်ရထာမင်းအား ဘုရားတည်ရန် ခွင့်တောင်းသဖြင့် အနော်ရထာက ကြည်ဖြူစွာ ခွင့်ပြုခဲ့သည်။
မနူဟာဘုရားကို အမိုးအကာမပါဘဲ တည်ထားကာ
နောက်ပိုင်းမှ ဂန္ဓကုဋီတိုက် ပြန်ဆောက်သည်ဟု ပညာရှင်တို့က ယူဆသည်။
မနူဟာဘုရားစေတီအမျိုးအစားမှာထောင့်မှန်စတုဂံပုံ
၂ထပ်လှိူဏ်ဂူအမျိုးအစားဖြစ်သည်။ပစ္စယာအထက်တွင်ေစေတီငယ်၃၇ဆူပါရှိပြီးဗောဓိပက္ခယတရား၃၇ပါးကိုရည်ညွန်း ဟန်တူလေသည်။
မနူဟာဘုရားတွင်ထင်ရှားသောအရာသုံးမျိုးမှာ
ညောင်ပင်ကြီး သပိတ်ကြီးနှင့်မုဒ်ပေါက်ဝတိုဖြစ်လေသည်။
မနုဟာဘုရားရှိရုပ်ပွားတော်များကိုကြီးမားပြီးကျပ်ကျပ်ညပ်ညပ်တည်ဆောက်ထားသည်ကိုတွေမြင်နိုင်သည်။
ဒါသည်ပင်စစ်ရှုံးသူအကျဉ်းစံမနုဟာမင်း၏
နန်းကျဘုရင့်အဖြစ်နေရသည်မှာသူအတွက်အင်မတိအင်မတန်စိတ်မွန်းကြပ်ပြီးမသက်မသာရှိလှကြောင်းဖော်ပြနေသလိုပင်။ထူးခြားသော ဖူးမျှော်ခြင်းအဖြစ်
လျောင်းတော်မူရုပ်ပွားတော်ကိုဦးခေါင်း
ဘက်မှကြည့်လျှင်မဲ့နေဟန်တွေ့ရပြီးနားရွက်အောက်ခြေဘက်မှကြည့်လျှင်ပြုံးနေ
ဟန်ဖူးတွေနိုင်သည်။မနူဟာမင်း၏ အိမ်နိမ့်စံဘဝတွင် အများရှေ့၌ပြုံးနေရသော်လည်း ရွှေစိတ်တော်ထဲ မပျော်နိုင်ဖြစ်နေရသည့်အကြောင်းကို တစ်နည်းတစ်ဖုံနှင့် ဖော်ပြခဲ့သည်ဟု ဆိုစမှတ်ရှိခဲ့ကြသည်။

ဗိသုကာ လက်ရာများ
===========
ကုလားကျောင်းခံ လိုဏ်ဂူဘုရား တည်သည်။ လိုဏ်ဂူမှာ စတုရန်းပုံနှစ်ထပ် ဆောက်ထားပြီး အပေါ်ထပ်လိုဏ်သည် အောက်ထပ်ထက်ငယ်သည်။ ပစ္စယာများအထက်၌ ဗောဓိပက္ခိယ တရား (၃၇)ပါးကို ရည်၍ စေတီငယ် (၃၇)ဆူ တည်သည်ဟု ယူဆကြလေသည်။
ဘုရားဂူအတွင်း၌ ရှေ့ဘက်တွင် ဘူမိဖဿမုဒြာ အနေအထားဖြင့် တင်ပျဉ်ခွေ တစ်ဆူနှင့် ဘေးတစ်ဘက်တစ်ချက်တွင် အရန်ဆင်းတုတော် တစ်ဆူစီရှိ၍ ဂူပြည့်လုနီးပါး ဖြစ်သည်။
အလယ်မှ ဆင်းတုတော်ကြီးသည် ၁၀.၂၄ မီတာ (၃၃.၅ ပေ)မြင့်သည်။
လိုဏ်ဂူ အနောက်ဘက်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုဟန် လျောင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိသည်။
ယင်းဆင်းတုတော်ကြီးများသည် အလွန်တရာ ကြီးမားတော်မူကြသည် ဖြစ်၍ ဂူအတွင်း နေရာအပြည့် ဖြစ်နေကြသည်။
ဆင်းတုတော်ကြီးများသည် မလှုပ်သာ မလှည့်သာသည့်ပမာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည်။
မနူဟာဘုရားအတွင်း၌ ဆင်းတုတော်ကြီးများသာလျှင် ကြီးမားသည် မဟုတ် ရှေ့ မျက်နှာစာရှိ သပိတ်မှာလည်း ဆင်းတုတော်ကြီးများနှင့် လိုက်ဖက်အောင်ပင် ကြီးမားလှပေသည်။
မနူဟာဘုရားသည် အကျဉ်းသားအဖြစ် ပုဂံတွင်နေရသော မနူဟာမင်း၏ ကောင်းမှုတော် ကြောင့်လည်းကောင်း၊ လိုဏ်ဂူအတွင်း၌ ပူဇော်ထားသော ထိုင်တော်မူဆင်းတုတော် သုံးဆူနှင့် လျောင်းတော်မူ ဆင်းတုတော်ကြီးမျာ၏ အလွန်တရားကြီးမားမှုကြောင့် လည်းကောင်း ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူ ဖြစ်သည်။
သို့သော် နောက်ပိုင်းလေ့လာတွေ့ရှိချက်များအရ ယနေ့တွေ့မြင်တည်ရှိနေသော ကျဉ်းမြောင်းကျပ်တည်းသော ဘုရားကျောင်းဆောင်မှာ နဂိုမနူဟာမင်းတည်သည့် လက်ရာမျိုးမဟုတ်ကြောင်း ထပ်မံသိရှိရပါသည်။
မနူဟာမင်းသည်"ငါသည် သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်မည်ကို မဖြစ်လို" ဟု၍ ဆုတောင်းသွားကြောင်း သမိုင်းစာ၌ တွေ့ရလေသည်။
အရှေ့ရှိ ကျောက်သပိတ်

အကျယ် ၃ပေ ၁၀ လက်မ ၊အမြင့် ၃ ပေ ၁၁ လက်မ
ရှိသည်။ ဆွမ်းဆန်စိမ်း ၁၇ တင်းဆန့်ကာ တုရင်တောင်မှ
ကျောက်ဖြင့် ထုလုပ်ထားသည်။ ထိုသပိတ်တွင်း ဆွမ်း အပြည့်လှူသော သူသည် ငတ်မွတ်ခြင်းမှ ကင်းဝေးသည် ဟု အယူရှိသဖြင့်အပြည့်လောင်းလှူလေ့ရှိသည်။ မနူဟာဘုရားသည် အမှုအခင်းဖြစ်နေသာသူတို့ လာရောက်ကာ ဘုရားတွင် ရင်ဖွင့် တတ်ကြသည်။နှစ်စဉ် စက်တင်ဘာလအတွင်း
ကျင်းပလေ့ရှိသော မနူဟာဗုဒ္ဓပူဇနိယပွဲတော်သည်လည်း ဆန်းသည်။အရုပ်သွင်းပွဲ သို့မဟုတ် အသွင်းဟု ခေါ်ဆိုကြသည်။ဇတ်တော်လာရုပ်၊ နတ်ရုပ် နိုင်ငံ့ခေါင်းဆောင်ရုပ် များပြုလုပ်ကာ ယှဉ်ပြိုင်သော ပွဲဖြစ်ကာအကောင်းဆုံးအရုပ်များကို ဆုပေးသည်။
ကိုးကား
မနူဟာကျောက်သပိတ်
မနူဟာ ( မြန်မာ့စွယ်စုံကျမ်း )
မှန်နန်းရာဇဝင်
မြန်မာ့ရိုးရာပန်းတမော့မနူဟာဘုရား

===========\

Comments
Post a Comment