ကန်တော့ပလ္လင် ဘုရား

Gawdawpalin Temple Bagan Myanmar.jpg
စေတီပုထိုးအမှတ်=၁၆၂၂/၉၃၀−က
ကန်တော့ပလ္လင်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင်တည်ရှိသော ရှေးဟောင်းဘုရား တစ်ဆူဖြစ်သည်။ ရှေးက ဂေါဓပလ္လင် ဟုလည်းခေါ်သည်။

သမိုင်း
ကန်တော့ပလ္လင် ဘုရားသည်
ကွမ်းတောင် ပေါက်လိုဏ် လေးဆင့် ဂူဘုရား ဖြစ်ပြီး အေဒီ (၁၂၀၃) တွင်နရပတိစည်သူမင်း တည်ခဲ့သည်။ဘုရားမပြီးမီ နရပတီစည်သူမင်း အနိစ္စ ရောက်သွားသဖြင့် သားတော်ဇေယျသိင်္ခ ခေါ် နားတောင်းများမင်း ကဆက်လက် တည်ခဲ့ရာ (၂၆) မတ် (၁၂၂၇) တွင်ပြီးစီးခဲ့သည်။
Image result for gawdawpalin temple

ထိုဂူဘုရားနှင့် စပ်လျဉ်း၍အစဉ်အလာစကားရှိ၏။ ဘေးလောင်းတော် ဘိုးလောင်းတော်တို့မှာမိမိကဲ့သို့ ဘုန်းမကြီးဟုအလောင်းစည်သူမင်းကြီး(၁၁၁၃ - ၁၁၆၃) သည် နှုတ်ဖြင့် ပြစ်မှားမိသဖြင့် မျက်လုံးနှစ်ဖတ် ကွယ်ခဲ့လေသည်။ဤတွင် ရှေးမင်းတို့၏ အရုပ် ပြုလုပ်ကာ ပန်းပေါက်ပေါက်တို့ဖြင့်ပူဇော်ကန်တော့လေမှ မျက်လုံးပြန်မြင်ရလေ၏။ ကန်တော့ရာအရပ်သည် ဂေါ်တော်ပလ္လင်( ကန်တော့ပလ္လင်)ဂူဘုရား၏ တည်နေရာဟု ဆိုကြသည်။
တဖန် နရပတိစည်သူမင်းသည် စူဠာမဏိဂူဘုရားတည်ရန် အလို့ငှာလူအများအား ချောက်ကြီးကိုအပြင်းအပြ ဖို့စေ၏။ ပံ့သကူမထေရ်လည်း မင်းကြီးကို သတိပေး တားမြစ်လေသည်။ ထိုအခါ မင်းကြီးနှလုံးထောင့်၍ ပံ့သကူမထေရ်ကို ပုဂံပြည်မှ နှင်ထုတ်မိ၏။ ပံ့သကူမထေရ်လည်း သီဟိုဠ်ကူးမည်ဟုပြင်ဆင်၏။ ထိုအခါ မင်းကြီးနောင်တတရားရကာ ကန်တော့တောင်းပန်ရလေသည်။ မင်းကြီးကန်တော့ရာ မင်းကြီးကန်တော့ရာ အရပ်တွင် ဂေါ်တော်ပလ္လင် (ကန်တော့ပလ္လင်)ဂူဘုရားကို တည်သည်ဟု ဆိုကြသည်။



Image result for gawdawpalin temple

ဗိသုကာ လက်ရာများ

ကန်တော့ပလ္လင်ဘုရားသည် ပစ္စယာဆင့်များ၊ထောင့်စေတီများနှင့်တကွနှစ်ထပ်ဂူဘုရားဖြစ်၏။ အရှေ့ဘက်သို့မုခ်လှည့်၏။ ကွမ်းတောင်ထက်၌စေတီပေါက်ထား၏။ ဖိနပ်တော်မှ ငှက်မြတ်နားအထိ ဉာဏ်တော် ပေတစ်ရာ့ရှစ်ဆယ်ခန့် ရှိလေသည်။ဗိသုကာလက်ရာအားဖြင့်သော် ခံ့ညားလှပေသည်။
မုခ်ဝင်သည် စုလစ်တုရင်တို့ဖြင့် တင့်တယ်၏။အတွင်းဝင်သော် အာရုံခံနှင့် ဂန္ဓကုဋိသို့ ရောက်လိမ့်မည်။ ဂန္ဓကုဋိပတ်လည်တွင် ရုပ်ပွားဆင်းတုတော်များရှိလေသည်။
နံရံနှစ်ဖက်မှ ကျဉ်းမြောင်းသော လှေကားနှစ်သွယ်ဖြင့် အထက်ထပ်သို့တက်ရောက်နိုင်လေသည်။ထိုအထပ်တွင်လည်း ရုပ်ပွားဆင်းတုများရှိလေသည်။ ထိုအထက်မှ ပုဂံရှုခင်းကိုကြည်ညိုနှစ်သက်ဖွယ်ရာ မြင်နိုင်ပေသည်။
ကန်တော့်ပလ္လင်ဘုရားအတွင်းရှိ နံရံများကို ထုံးသုတ်ခဲ့ ကြသဖြင့်(ပုဂံခေတ်ရှေးဟောင်းဘုရားများသည်တန်ဘိုးမဖြတ်နိုင်သောသမိုင်းအမွေအနှစ်များဖြစ်သည်။ထိုဘုရားများ၌ ရှေးဟောင်းလက်ရာများအမြောက်အများရှိခဲ့သည်။ထိုတန်ဘိုးများကို အလေးထားရကောင်းမှန်းမသိ၊မြတ်နိုးဂုဏ်ယူရကောင်းမှန်းမသိ၊ပညာမဲ့အသိများဖြင့် လှရင်ပြီးရောဆိုကာ တွေ့သမျှထုံးသုတ်ခဲ့ခြင်းသည်..နောက်နောင်မဖြစ်ရအောင် တစ်မျိုးသားလုံး၌ တာဝန်ရှိလေသည်။)
ဘုရားရှိ နံရံဆေးရေး ပန်းချီများပျက်စီး ဆုံးရှုံးခဲ့ရသည်။ကန်တော့ပလ္လင် ဘုရား၌ မူလက စိန်တန်းများတစ်လျှောက်တွင် စဉ့်ကွင်းများအပြည့် ရှိခဲ့သော်လည်းယခုတွင် စဉ့်ကွင်း အနည်းငယ်သာ တွေ့ရတော့သည်။

ကန်တော့ပလ္လင်ဘုရား၏ အုတ်စီအုတ်နင်းနှင့် တည်ဆောက်ပုံဗိသုကာလက်ရာ အဆင့်အတန်း မြင့်မားသည်။ ဘုရား၏ အပေါ်ထပ်နှင့်အောက်ထပ် ချင်မိတ် တိုးတန်း အောက်ရှိဖောင်းလုံးတန်းကို သဲကျောက်များဖြင့်တည်ဆောက် ထားသည်။ ဘုရား၏ထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ ထည့်သွင်း ပြုလုပ်ထားသည်။
၁၉၇၅ ခုနှစ်တွင် ထိုဂူဘုရားသည် ငလျင်ဒဏ် ခံခဲ့ရ၏။ ယခုအခါ သက်ဆိုင်ရာတို့ကပြင်ဆင်ထားပြီး ဖြစ်လေသည်။

Comments

Popular posts from this blog

ဗူးဘုရား

ဓမ္မရံကြီးဘုရား

စူဋ္ဌာမဏိဘုရား သမိုင်း