သံတော်ကြားဘုရား

Image result for thandawgya pagoda





စေတီပုထိုးအမှတ်=၁၅၉၂/၉၀၃

သံတော်ကြားဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှိ ရှေးဟောင်းဘုရား တစ်ဆူဖြစ်သည်။ သံတော်ကြား ရုပ်ပွားဆင်းတုတော်သည် ရွှေဂူကြီးဘုရားအနီး၌ တည်ရှိသည်။ အရွယ် အတော်အသင့် ကြီးမားသော ပေ ၂၀-ခန့်မြင့်သော ဆင်းတုတော်ကြီး ဖြစ်ပြီး သဲကျောက်ကဲ့သို့ ကျောက်အစိမ်းနုချပ်များဖြင့် တည်ဆောက်ထား၍ ရှေးကျသော အသွင်ဆောင်သည်။ သံတော်ကြား ဘုရားသည် ပုပ္ပါးတောင်ရှိ အစိမ်းရောင် ချော်ကျောက် (Tuff stone) များဖြင့် တည်ဆောက်ထားသည့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ဖြစ်ပြီး အေဒီ(၁၂၈၄)တွင် နရသီဟပတေ့မင်းက တည်ခဲ့သည်။ နရပတိစည်သူ၏ ကောင်းမှုဟုလည်း စကားရှိသည်။

ပုဂံနန်းတော်နေရာနှင့် နီးကပ်သည့်ပြင် ဘုရင့်အမိန့်တော် (အသံ)ကို ပြောကြား(ချ)မှတ်ခြင်း အနက်ရှိသောသံတော်ချဟူသော စကားမှ သံတော်ကြားဟု အမည်တွင်လေသလော ယူဆရသည်။ အချို့က ဤဆင်းတုတော်ကြီးကို နရသီဟပတေ့မင်း လက်ထက်နှင့် သက်ဆိုင်ကြောင်း ဖော်ပြကြဖူးလေသည်။
မူလအမိုးပျက်စီးသွားသဖြင့် တိုက်ငယ်ကို အမိုးအသစ်ဖြင့် မိုးထားရသည်။

ဘွဲ့အမည်တော်ခေါ်တွင်ပုံ
==============
သံတော်ကြား ဘုရားတည်ရှိသည့် နေရာသည် ပုဂံနန်းတော် အနီးတည်ရှိပြီး ဘုရင်၏အသံ (သို့မဟုတ်) သမ်းဝေ သည့်အသံကို ကြားနိုင်သည့် နေရာ၌ ရှိသည့်အတွက် သံတော်ကြား၊ သမ်းတော်ကြား စသည့်အမည်များ ခေါ်ခဲ့ရာမှ ယခုအခါ သံတော်ကြား ဟုသာ ခေါ်ကြသည်။

ရုပ်ပွားတော်၏ အသွင်အပြင်
=============



သံတော်ကြား ဗုဒ္ဓရုပ်ပွား ဆင်းတုသည် အမြင့် (၆.၁၀) မီတာ၊ ပေ (၂၀)ခန့် မြင့်သည်။၁၉၇၅ ပုဂံ ငလျင်ဒဏ်ကြောင့် သံတော်ကြား ဘုရား၏ ဦးခေါင်းတော်ပြုတ်ကျ ပျက်စီးသွားခဲ့ရာ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ပြန်လည်ပြင်ဆင် ထားသည်။

ကိုးကား
ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ

Comments

Popular posts from this blog

ဗူးဘုရား

စူဋ္ဌာမဏိဘုရား သမိုင်း

ဓမ္မရံကြီးဘုရား