Posts

ဓမ္မရံကြီးဘုရား

ဓမ္မရံကြီးဘုရား သမိုင်း ဓမ္မရံကြီးဘုရားသည် အေဒီ (၁၁၆၅)တွင် နရသူမင်း (ခ) ကုလားကျမင်း အေဒီ (၁၁၆၃-၁၁၆၅) တည်ခဲ့သည်။ ထု-ဓမ္မရံ၊ ဉာဏ်-သဗ္ဗညု၊ အနု-အာနန္ဒာ၊တန်ခိုး- ရွှေစည်းခုံ ဟူသော အဆိုအရ ဓမ္မရံ ဘုရားကြီးသည် ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှ ဂူဘုရားထဲတွင်ထုထည် အကြီးမားဆုံး ဘုရားတစ်ဆူဖြစ်သည်။ ဓမ္မရံကြီးဟူသော အမည်သည် ဓမ္မရံသီ (တရားတော်၏ ထွန်းပရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ နရပတိစည်သူလက်ထက် ဓမ္မရံကြီးအမည်ရှိ မထေရ် ထိုဘုရားတံတိုင်း ဝင်းအတွင်း အနောက်ဘက် ထောင့်ရှိ အုတ်ကျောင်းတွင် သီတင်းသုံး ခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရားဟုခေါ်ခဲ့ကြရာမှကာလကြာသော် ဓမ္မရံကြီး ဟု ပြောင်းလဲအမည် တွင်ခဲ့သည်ဟုလည်းဆိုသည်။ နောက်အဆိုတစ်ခုအရ နရသူသည် ဝေသာလီပြည်မှ ဆက်သည့် ကုလားမင်းသမီးကို သတ်သောကြောင့် ကုလားပြည်မှ ဟူးရားဆရာ ရှစ်ယောက်လာ၍ မင်းကြီးအား ဘိသိက်မြှောက်ပေးမည် ဟုဆိုကာ သန်လျက် (ဓားမြှောင်)များနှင့် ထိုးသတ်သောကြောင့် နတ်ရွာစံလေသည်။ ထိုသို့ လုပ်ကြံရာတွင် ကိုယ်ရံတော်များမှ ဓားမရံပေးထားသဖြင့် လုပ်ကြံခံရခြင်းကို အစွဲပြုကာ ဓါးမရံ မှ ဓမရံ ထိုမှတဆင့် ဓမ္မရံသို့ ပြောင်းလဲ အမည်တွင်ခဲ့

စူဋ္ဌာမဏိဘုရား သမိုင်း

Image
စူဋ္ဌာမဏိဘုရား သမိုင်း                        စူဋ္ဌာမဏိဘုရားသည် နရပတိစည်သူမင်း (၁၁၇၄-၁၂၁၁)၏ ကုသိုလ်တော်ဖြစ်သည်။ဘုရားအလောင်းသိဒ္ဓတ္ထမင်းသား တောထွက်ပြီးနောက်ရဟန်းဘောင်သို့ဝင်သောအခါ ဆံတော်ကိုပယ်ပြီး "ငါသည် ဘုရားစင်စစ် ဧကန်ဖြစ်မည်ဆိုလျှင် မြေပြင်သို့ပြန်မကျစေသတည်း" ဟူ၍ အဓိဌာန် ပြုကာ ကောင်းကင်သို့ ပစ်တင်တော်မူခဲ့သည်။ ဆံတော်ကို သိကြားမင်းသည် ရတနာရွှေကြုတ်နှင့် ခံယူကာ ဆံတော်ကို ဌာပနာပြီး စေတီတည်ခဲ့သည်။ ထိုစေတီသည် စူဋ္ဌာမဏိဘုရားဖြစ်သည်။              နရပတိစည်သူမင်းသည် ထိုစေတီ၏ ဘွဲ့အမည်ခံယူကာ သူ၏ကုသိုလ်တော်ကို တည်ခဲ့သည်ဟုလည်းဆိုကြသည်။ မှန်နန်း မဟာရာဇဝင်တော်ကြီးတွင် -                   “ပြည်သူလူတကာတို့ စီးပွားကိုဆောင်တော်မူ၍ နိဗ္ဗာန်မဂ်ဖိုလ်အလို့ငှာ၊လိုဏ်နှစ်ဆင့် ရှိသောကြီးစွာသော ကောင်းမှုတော်ကို တည်တော်မူ၍ စူဋ္ဌာမဏိဟူသော အမည်ကို သမုတ်တော်၏”  ဟုလည်းတွေ့ရသည်။                               မြန်မာရာဇဝင်သမိုင်းတွင် နရပတိစည်သူမင်းသည် ဘေးတော်အနော်ရထာမင်း တည်ထားသော တုရင်တောင်စွယ်တော်ရှင်စေတီကို ဖူးမြော်ရာမှ အပြန်တွင် စူဋ္ဌာမဏိတည်မည့်နေရာ ချောကြီးထဲမှ ပတ္တမြားအရောင်တောက်သည်ကို မြင်ခဲ့

ဗူးဘုရား

Image
      ဗူးဘုရား         ဗူးဘုရားသည် မြန်မာနိုင်ငံ၊မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့အနီး ဧရာဝတီမြစ် ကမ်းနဖူး၌ တည်ရှိပြီး မြစ်ကမ်းစပ်တွင် ခရုပတ်သဖွယ် စိန်တန်းနှစ်သွယ်နှင့် တည်ဆောက်ထားသည်။ စေတီပုထိုးအမှတ်မှာ ၁၆၅၇/၉၆၁ ဖြစ်သည်။                 ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီး တည်ခဲ့သည်။ ဘုရင်ပျူစောထီးသည် ပြည်သူများကို ဒုက္ခပေးနေသော ရှူးပျံ၊ ဝက်၊ ဗူး၊ ကျားနှင့် ငှက်တို့ကို နှိမ်နင်းခဲ့ရသည်။ ဗူးပင် ဗူးနွယ် ဗူးချုံများကို ရှင်းလင်းသုတ်သင် အောင်မြင်သော နေရာတွင် တည်ထားကိုးကွယ်ထားခြင်းကြောင့် ဗူးဘုရားဟု ခေါ်တွင်နေခြင်း ဖြစ်သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်လျက်ရှိကြသည်။                 အခြားရန်သူများကို နှိမ်နင်းရာဌာနများ၌လည်း အထိမ်းအမှတ်အဖြစ် ကျားသတ်ဘုရား၊ရှူးပျံဘုရား၊ ဝက်သတ်ဘုရား၊ငှက်ပစ်တောင်ဘုရား၊ လေးနှင်ဘုရား၊မြားဘုရား၊ သမီးဝှက်ဘုရားများလည်း တည်ထားခဲ့သည်။စေတီတော်ကိန်းဝတ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြသည်။ ယခုအချိန်၌ ပျူစောထီးလက်ထက်က တည်ထားသော စေတီတော်အဖြစ်မတွေ့ရတော့ဘဲ ခေတ်အဆက်ဆက်နှောင်းလူတို့ ပြုပြင်မွမ်းမံထားသည့် မှန်စီရွှေချများဖြင့် တန်ဆာဆင်ထာ

အာနန္ဒာဘုရား

Image
                               အာနန္ဒာဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ စေတီပုထိုးအမှတ်မှာ ၂၁၇၁ ဖြစ်သည်။ အာနန္ဒာစေတီကို ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက် (အေဒီ ၁၀၉၀) တွင် ဆောက်လုပ်ခဲ့သည်။ ကျန်စစ်သားမင်းလက်ထက်တွင် ဟိမဝန္တာ နန္ဒမူလိုဏ်ဂူမှ ရဟန္တာများကြွရောက်လာသည်။ထိုရဟန္တာအရှင်သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ်ဂူကို သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီကိုတည်တော်မူသည်။ပုဂံပြည့်ရှင်ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဖြစ်သော အာနန္ဒာဘုရားသည် ပုဂံဘုရား များအနက် အလွန်တရာ အချိုးအစားကျန လှပတင့်တယ်၍ ချီးကျူးဖွယ် အကောင်းဆုံးသော ဘုရားတစ်ဆူဖြစ်သည်။ ရှေးမြန်မာ့ဗိသုကာပညာ၏အပြောင်မြောက်ဆုံးသော လက်ရာကို အာနန္ဒာဘုရား၌ တွေ့ရ သည်။ ထိုဘုရားသည် စေတီဘုရားမဟုတ် ဂူဘုရားဖြစ်သည်။ ပုဂံမြို့ သရပါတံခါး၏ အရှေ့ဘက်အနီး၌ တည်ရှိလေသည်။ (အနုမှာ အာနန္ဒာ၊ထုမှာဓမ္မရံဟု မှတ်တမ်းတင်ထားကြသည်။) အာနန္ဒာဘုရားသမိုင်း ဒဏ္ဍာရီလာဘုရားသမိုင်း ==================                        ကျန်စစ်သားမင်းတရားသည် အနော်ရထာ၏ကုသိုလ်တော်ဖြစ်သော ရွှေစည်းခုံစေတီတော်ကို ထပ်မံမွမ်းမံ၍ အပြီးသတ် တည်ဆောက်ပြီးလေသ

လောကနန္ဒာစေတီ

Image
လောကနန္ဒာစေတီသည် မြန်မာနိုင်ငံ၊မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ စေတီပုထိုးအမှတ် ၁၀၂၃/၄၁၈−က ဖြစ်သည်။ စွယ်တော်မြတ် ကိန်းဝပ်ရာ တတိယမြောက် စေတီတော်ကြီး ဖြစ်သည်။ ဆင်ဖြူတော်သည် တန့်ကြည့်တောင်မှ ဧရာဝတီမြစ်သို့ ကူး၍ ယခု သီရိပစ္စယာစွယ်တော်၏ အရှေ့ဘက်ရှိ ဧရာဝတီ ကမ်းနဖူးတွင် ဝပ်လေသည်။ အနော်ရထာမင်းကြီးသည် ဆင်ဖြူတော် ဝပ်ရာ ဤနေရာ၌ စွယ်တော်ရှင်စေတီ တည်ခွင့်ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်တော်မူသည်။ အဘယ်ကြောင့် ဆိုသော် ထိုသီရိပစ္စရာသည် ပုဂံခေတ်က သငေ်္ဘာဆိပ်မြို့ ဖြစ်ခဲ့ပြီး သီဟိုဠ်မှပင့်ဆောင်သော စွယ်တော်မြတ်ကို မင်းကြီးကိုယ်တိုင် ရေထဲသို့ လည်တိုင်အထိဆင်းကာ ရွက်ယူပူဇော်ခဲ့ရသော နေရာဖြစ်သောကြောင့် ပင်တည်း။ လောကနန္ဒာ စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာ မင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော ဗုဒ္ဓစွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သငေ်္ဘာဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ ဌာပနာခဲ့သည်။ တည်ထားပုံ =========== လောကနန္ဒာစေတီကို ပျူနှင့်မြန်မာ ဗိသုကာလက်ရာများဖြင့် ပေါင်းစပ်၍ အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ထို ရှ

ရွှေဆံတော်စေတီ

Image
ရွှေဆံတော် စေတီသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ အေဒီ ၁၀၅၇ ရွှေဆံတော် စေတီကို အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သည်။ မြတ်စွာဘုရားရှင်၏ ဆံတော်ဓာတ်ကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ရွှေဆံတော်စေတီတော်၏ မူလထီးတော်ကို ၁၉၇၅ ခုနှစ် ငလျင်တွင် ပြိုကျခဲ့သည်ကို တွေ့မြင်ရပုံ ဆံတော်ရရှိလာပုံ ============ ဥဿ ပဲခူးပြည်သို့ ဂျွမ်း(ခမာ) စစ်သည်များ တိုက်ခိုက်လာသည့်အခါ ဥဿပဲခူးမင်းသည် အနော်ရထာမင်းကြီးထံ စစ်ကူတောင်းခဲ့သည်။ ဂျွမ်းစစ်သည်တို့ကို အောင်မြင်သောအခါ ဥဿမင်းက ရှေးမင်းအဆက်ဆက် ကိုးကွယ်ခဲ့သော ဆံတော်ဓာတ်တစ်ဆူကို အနော်ရထာမင်းထံ ဆံသလိုက်သည်ဟု သမိုင်းအစဉ်အလာ အဆိုရှိသည်။ မြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် လင်းလွန်ပင်ရင်း၌ သီးတင်းသုံးနေစဉ် ကုန်သည် တဖုဿနှင့် ဘလ္လိကညီနောက်တို့က ပျားမုန့်ဆွမ်းကို ကပ်လှူကာ ဆံတော်ဓာတ် ရှစ်ဆူကို မြန်မာပြည်သို့ ပင့်ဆောင်လာခဲ့သည်။ ယခုဆံတော်ဓာတ်သည် ယင်းအနက်မှ တစ်ဆူ ဖြစ်သည်။ သရေခေတ္တရာပြည် ရသေ့မြို့၌ ဆံတော်လေးဆူကို ဌာပနာခဲ့သည်။ သရေခေတ္တရာပြည် ပျက်သော် ရာမညတိုင်း မွန်မင်းတို့သည် သရေခေတ္တရာစေတီမှ ဆံတေ

ကန်တော့ပလ္လင် ဘုရား

Image
စေတီပုထိုးအမှတ်=၁၆၂၂/၉၃၀−က ကန်တော့ပလ္လင်ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင်တည်ရှိသော ရှေးဟောင်းဘုရား တစ်ဆူဖြစ်သည်။ ရှေးက ဂေါဓပလ္လင် ဟုလည်းခေါ်သည်။ သမိုင်း ကန်တော့ပလ္လင် ဘုရားသည် ကွမ်းတောင် ပေါက်လိုဏ် လေးဆင့် ဂူဘုရား ဖြစ်ပြီး အေဒီ (၁၂၀၃) တွင်နရပတိစည်သူမင်း တည်ခဲ့သည်။ဘုရားမပြီးမီ နရပတီစည်သူမင်း အနိစ္စ ရောက်သွားသဖြင့် သားတော်ဇေယျသိင်္ခ ခေါ် နားတောင်းများမင်း ကဆက်လက် တည်ခဲ့ရာ (၂၆) မတ် (၁၂၂၇) တွင်ပြီးစီးခဲ့သည်။ ထိုဂူဘုရားနှင့် စပ်လျဉ်း၍အစဉ်အလာစကားရှိ၏။ ဘေးလောင်းတော် ဘိုးလောင်းတော်တို့မှာမိမိကဲ့သို့ ဘုန်းမကြီးဟုအလောင်းစည်သူမင်းကြီး(၁၁၁၃ - ၁၁၆၃) သည် နှုတ်ဖြင့် ပြစ်မှားမိသဖြင့် မျက်လုံးနှစ်ဖတ် ကွယ်ခဲ့လေသည်။ဤတွင် ရှေးမင်းတို့၏ အရုပ် ပြုလုပ်ကာ ပန်းပေါက်ပေါက်တို့ဖြင့်ပူဇော်ကန်တော့လေမှ မျက်လုံးပြန်မြင်ရလေ၏။ ကန်တော့ရာအရပ်သည် ဂေါ်တော်ပလ္လင်( ကန်တော့ပလ္လင်)ဂူဘုရား၏ တည်နေရာဟု ဆိုကြသည်။ တဖန် နရပတိစည်သူမင်းသည် စူဠာမဏိဂူဘုရားတည်ရန် အလို့ငှာလူအများအား ချောက်ကြီးကိုအပြင်းအပြ ဖို့စေ၏။ ပံ့သကူမထေရ်လည်း မင်းကြီးကို သတိပေး တားမြစ်လေသည်။ ထိုအခါ မင်းကြီးနှလုံးထောင့်၍